၉ ဇန်နဝါရီ၊၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့မှာတိုက်ပွဲကြောင့် ပိတ်မိနေတဲ့ပြည်သူတွေကို ရေလမ်းခရီးအသုံးပြုပီး၊ စက်လှေသမားတွေကကယ်ထုတ်ကာဘေးလွတ်ရာနေရာတွေကို ပို့ဆောင်ပေးနေကြတယ်လို့ဒေသခံအချို့ဆီက သိရပါတယ်။
“လမ်းတွေအကုန်ပိတ်နေလို့ လွယ်ပေါကစက်လှေသမားတွေကကယ်ပီးအင်းလေးဒေသဖက်ပို့ပေးကြတာ ဆက်သွယ်ရေးတွေအကုန်ပြတ်နေပြီ”လို့ဖယ်ခုံဒေသခံတဦးက ပြောပါတယ်။
ဖယ်ခုံမြို့ အဝင်၊ အထွက်ကိုပူးပေါင်းအဖွဲ့များက ထိန်းချုပ်ထားပြီး၊ဒေသခံတွေကို မြို့တွင်းဝင်ထွက်သွားလာခြင်းမပြုဖို့ ၂၀၂၃ခုနှစ်ဒီဇင်ဘာ၂၉ရက်နေ့က အသိပေးထားတယ်လို့ သိရပါတယ်။
Visited 41 times, 1 visit(s) today



