ဖမ်းမိထားတဲ့ ပြည်သူစစ်၂ဦးကို မနှိပ်စက်ဘူးလို့ PNLA ထုတ်ပြန်

၈ ဖေဖော်ဝါရီ၊၂၀၂၄

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့နယ်မြေအတွင်း ဖမ်းမိထားတဲ့ပြည်သူစစ်တွေကို နှိပ်စက်ခြင်းမျှမပြုဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားတာကြောင့် မိသားစုဝင်များအနေနဲ့စိုးရိမ်ပူပန်ခြင်း မရှိဖို့ (PNLA)ကအသိပေးစာ ထုတ်လိုက်တာတွေ့ရပါတယ်။

ဖေဖော်ဝါရီလ ၆ရက်နေ့က ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအနီး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) လုံခြုံရေးတပ်ဖွဲ့ရယ် တပ်မတော်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့ ထိတွေ့မှုဖြစ်ပြီး ပြည်သူစစ်မှ ၂ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်စာမှာ ပါပါတယ်။

” ၎င်းတို့ ၂ ဦးအား တရားရေးဌာနမှ လိုအပ်သည်များကို ဆက်လက် စစ်ဆေးပြီး ပြစ်မှုမရှိပါက ပြန်လည်လွတ်ပေးသွားမည်ဖြစ်သည်။”ဆိုပြီးအသိပေးထားပါတယ်။

ဆီဆိုင်မြို့နယ်မှာ တပ်မတော်နဲ့ PNO ကတဖက်၊ PNLA မဟာ မိတ်တပ်များက တစ်ဖက် ၂၀၂၄ဇန်နဝါရီ ၂၂ ရက်ကစတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဆီဆိုင်မြို့ခံတစ်သိန်းကျော်ဟာရှမ်းပြည်တောင်ပိုင်းက မြို့တွေကိုရှောင်ပြေးနေကြရတယ်လို့ သိရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *