ဖမ်းဆီးခံအနုပညာရှင်အချို့ပြန်လွတ်

ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်တရားစွဲခံရပြီး ဖမ်းဆီးထိန်းသိမ်း ထောင်ချခံထားရတဲ့ သရုပ်ဆောင် မေပန်းချီ၊သရုပ်ဆောင်မြတ်သူသူ၊ တေးသံရှင် ရွှေရည်သိန်းတန် နဲ့ မေလသံစဥ်တို့လည်း ဒီကနေ့မှာပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။

သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့သိရပါတယ်။

ဒီကနေ့ ဇူလိုင်လ ၇ ရက်မှာ လွတ်ငြိမ်းချမ်းသာပေးလိုက်တာကြောင့်အခု ဆိုရင် သူတို့တွေဟာ သူတို့ရဲ့ နေအိမ်တွေကို ပြန်ရောက်နေကြပြီလို့လည်း သိရပါတယ်။

ဒီနေ့လွတ်လာသူတွေထဲ သတင်းစာဆရာဦးကျော်မင်းဆွေလည်းပါပြီး ဦးကျော်မင်းဆွေဟာ သူ့ကိုစွဲဆိုထားတဲ့ အမှုအတွက်ထောင်တွင်း ကနေတရားရင်ဆိုင်နေဆဲအချိန်မှာပဲပြန်လည် လွတ်မြောက်လာတာဖြစ်ပါတယ်။

ဒီနေ့မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတဲ့သရုပ်ဆောင် မေပန်းချီလည်းပြန်လည်လွတ်မြောက် လာတဲ့အပြင်ပြိီးခဲ့တဲ့ ဧပြီလအတွင်းဖမ်းဆီးခံခဲ့ရတဲ့သရုပ်ဆောင်မြတ်သူသူ၊ တေးသံရှင် ရွှေရည်သိန်းတန် နဲ့ မေလသံစဥ်တို့လည်း လွတ်မြောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *