အရီဇိုးနား၊ ဒီဇင်ဘာ ၂၀
အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှာနေတဲ့ မိသားတစ်စုကဖခင်ဖြစ်သူဟာ ခရစ္စမတ်အတွက် ဈေးဝယ် နေတုန်း ကျန်ခဲ့တဲ့ သူရဲ့ ကလေး လေးယောက်အပါအဝင် ဆွေမျိုးကလေးငယ်တစ်ယောက်ပါ အိမ်မီးလောင်ပြီး သေဆုံး သွား တယ်လို့ သိရပါတယ်
ဒီဇင်ဘာ ၁၈ရက် တနင်္လာနေ့ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်ပြီး အိမ်ကတော့ နှစ်ထပ်အိမ်ဖြစ်ပါ တယ်။ မီး လောင်အပြီး အသက်ရှင်ကျန်ရစ်သူ မရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
အသက်၂နှစ်၊ ၄နှစ် ၊၅နှစ်နဲ့ ၁၃နှစ်အရွယ် မောင်နှမလေးယောက်အပါအဝင် အိမ်အလည်ရောက်နေတဲ့ ၁၁နှစ်အရွယ် ကလေး တစ်ယောက်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တာဝန်ရှိသူတွေက မီးလောင်ကျွမ်းမှုကို စုံစမ်းစစ်ဆေးနေပြီး ကလေးငယ်တွေရဲ့ ဖခင်အမည်ကိုတော့ ရဲတပ်ဖွဲကထုတ် ပြန် တာ မရှိသေးဘူးလို့ သိရပါတယ်။
အခင်းဖြစ်ပွားခဲ့တာက လတ်စ်ဗီဂတ်တောင်ဘက် မိုင်၁၀၀ (၁၆၀ကီလိုမီတာ) အကွာ ဘူးလ်ဟဒ် မြို့မှာ စနေနေ့ ဒေသစံ တော်ချိန် ၁၇:၀၀ (ဂရင်းနစ်စံတော်ချိန် 1;00GMT) မှာ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။
“ကလေးတွေရဲ့အဖေက ကုန်စုံဆိုင်ကို ခရစ္စမတ်လက်ဆောင်တွေဝယ်ဖို့ ထွက်သွားတာ ၂နာရီကျော်လောက် ကြာတယ်။ အဲ့ဒိအချိန်မှာ ဖြစ်သွားတာလို့ ရဲတပ်ဖွဲက ပြောပါတယ်။
ကနဦး စုံစမ်းမှုတွေအရ မီးလောင်မှုက အောက်ထပ်ဝင်ပေါက်ကနေ စခဲ့တာမို အပေါ်ထပ်အိပ်ခန်းထဲက ကလေးတွေ အိမ် က နေ ထွက်ပြေးဖို့ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသွားတဲ့ ကလေး ငါးယောက်စလုံးကိုတော့ အပေါ်ထပ် အိပ်ခန်းထဲမှာပဲ တွေ့ခဲ့တယ်လို့လည်း အာဏာပိုင်တွေ က ပြောပါတယ်။
Ref: BBC
ပုံစာ။ မီးလောက်ခဲ့တဲ့ အိမ်ကို တွေ့ရပုံ
Feature Image credit: CBS NEWS



