မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်မှာ ဒုတိယအကြိမ်မြောက်မြစ်ရေတက်လာလို့ စက်တင်ဘာလ၅ရက်ကစပြီး အခြေခံပညာကျောင်း(၅)ကျောင်းကို ယာယီပိတ်ထားရတယ်လို့ ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးက သိရပါတယ်။
ဆရာ၊ဆရာမများနဲ့ကျောင်းသား၊ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ရည်ရွယ်ပြီး ကျောင်းများကို ပိတ်ခဲ့ရတာ လို့ သိရပါတယ်။


ယာယီပိတ်ထားတဲ့ကျောင်းတွေကတော့ သံကိုင်းကျေးရွာအုပ်စုရှိ သိမ်းကုန်း ကျေးရွာအခြေခံပညာမူလတန်းကျောင်း ၊ပေါက်ကုန်းကျေးရွာအုပ်စုရှိ ဇီးကျွန်း ကျေးရွာအခြေခံပညာအထက်တန်း ကျောင်းခွဲ ၊ ကံလှကျေးရွာအခြေခံပညာ မူလတန်းကျောင်း ၊ ကျောင်းစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းနဲ့ အရှေ့ လေးအိမ်ကျေးရွာအုပ်စုရှိ ရေချမ်းစင်ကျေးရွာအခြေခံပညာမူလတန်းကျောင်းတို့ဖြစ်တယ်လို့ သိရပါတယ်။
ယာယီပိတ်ထားတဲ့ကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ သင်ခန်းစာ နောက်မကျ စေရေးအတွက် ရေကျသွားပြီးကျောင်းပြန် လည်ဖွင့်ချိန်မှာ စာသင်ရက်များ အ စားထိုးစနစ်နဲ့ ပြန်လည် သင်ကြားပေး သွားမယ်လို့လည်း သိရပါတယ်။