ပြွန်တန်ဆာမြို့မှာ ဆီဘောက်ဆာ မော် တော်ယာဉ်တစ်စီး လမ်းဘေးထိုးကျ တိမ်း မှောက်ခဲ့ ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကာ ယာဉ်မောင်း သေဆုံးခဲ့

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ပြွန်တန်ဆာမြို့၊ မြို့မ(၃)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင် အမှတ် (၇၆/ ၄ )နှင့် (၇၆/၅)ကြားမှာသြဂုတ်လ ၂၇ရက်မနက်၁၁နာရီခွဲက ဆီဘောက်ဆာ မော်တော်ယာဉ်တစ်စီးဟာ မျက်နှာချင်း ဆိုင်ကလာတဲ့ ဆိုင်ကယ်ကို ရှောင်တိမ်း ခဲ့ရာကနေ လမ်းဘေးထိုးကျပြီး တိမ်းမှောက် ခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကာ ယာဉ်မောင်း အမျိုးသားသေဆုံးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့ ကနေ သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာကို ပဲခူး တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အုပ် ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ညောင်လေး ပင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အ ထောက်အကူပြုယာဉ်(၁)စီး၊ ပြွန်တန်ဆာ နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၃)စီး၊ ပိန်းဇ လုပ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဒိုက်ဦးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဝေါမြို့နယ်မီးသတ်စခန်းမှ အထောက်အကူ ပြုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနဲ့ သွားရောက် မီးငြှိမ်းသတ်ပေးခဲ့ရပါတယ်။

သေဆုံးသွားတဲ့ယာဉ်မောင်းအမျိုးသားရုပ်အလောင်းနဲ့ဒဏ်ရာရရှိခဲ့တဲ့ ယာဉ်နောက် လိုက်အမျိုးသားကို စေတနာပရဟိတအသင်း မှ သူနာတင်ယာဉ်နဲ့ ပြွန်တန်ဆာပြည်သူ့ ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *