ဘေဂျင်း၊ ဇန်နဝါရီ ၁၇
တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ဆယ်စုနှစ်အတွင်း အနှေးကွေးဆုံးနှုန်းအဖြစ် မှတ်တမ်း ဝင်ခဲ့တဲ့ အကြောင်း သောကြာနေ့ (ဇန်နဝါရီ ၁၇) သတင်းတွေမှာ ဖော်ပြကြပါတယ်။
အခုကာလဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ကုန်သွယ်မှုအလားအလာကို စိုးရိမ်တကြီး စောင့်ကြည့် နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။
မကြာသေးတဲ့ကာလတွေမှာ ဘေဂျင်းဟာ နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံးသော ပံ့ပိုးကူညီမှုအစီ အမံတွေကို ကြေညာခဲ့ပြီး နှစ်ရှည်လများ အိမ်ခြံမြေဈေးကွက်အကြွေးပြဿနာနဲ့ နှေးကွေးလာတဲ့ စားသုံးသူအသုံးစရိတ်တွေ အပါအဝင် ဘက်ပေါင်းစုံမှာ ကြုံတွေ့ခဲ့ရတဲ့ စီးပွားရေးကို ပြန်ရှင်သန်လာစေဖို့ ဘေဂျင်းက ကြိုးစားနေရတယ်လိုလည်း သိရပါတယ်။
အကျပ်အတည်းတွေ ကြာမှာပဲတရုတ် စီးပွားရေးက ၂၀၂၄မှာ ငါးရာခိုင်နှုန်း တိုးတက်လာတယ်လို့လည်း ပေကျင်းအမျိုးသားစာရင်းအင်းဗျူရို (NBS) ရဲ့ တရားဝင်အချက်အလက်က ဆိုပြန်ပါတယ်။
လက်ရှိ တရုတ်စီးပွားရေး အခြေအနေက ပြင်ပဖိအားတွေသာမက အတွင်းပိုင်းအခက်အခဲတွေပါ တိုးလာနေလို့ “ရှုပ်ထွေးပြီး ပြင်းထန်သော ပတ်ဝန်းကျင်တစ်ခုကို တိုးတက်မှုကို ရင်ဆိုင်ရဦးမယ်” လို့ NBS က ပြောဆိုလိုက်တယ်လို့လည်း သိရပါတယ်။
ဂျီဒီပီတိုးတက်မှုနှုန်းကလည်း ၁၉၉၀ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးစံချိန်တင်ခဲ့တယ်လို့ သိရပါတယ်။
Ref: AFP



