ပြီးခဲ့တဲ့ရက်ပိုင်းက ကုန်တင်ကားတွေ မီးလောင်ခဲ့တဲ့ ကျင်စန်းကျော့နယ်စပ်ကုန်သွယ်ရေးဂိတ်ကို သိမ်းယူနိုင်ခဲ့တယ်လို့ MNDAA ပြောကြား

ပြီးခဲ့တဲ့ရက်ပိုင်းက ကုန်တင်ကားတွေ မီးလောင်ခဲ့တဲ့ တ ရုတ်-မြန်မာနယ်စပ်က ကျင်စန်းကျော့နယ်စပ်ကုန်သွယ် ရေးဂိတ်ကို သိမ်းယူနိုင်ခဲ့တယ်လို့ နိုဝင်ဘာလ၂၅ရက်က MNDAAက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကျင်စန်းကျော့နယ်စပ်ဂိတ်မှာမြန်မာ-တရုတ်နှစ်နိုင်ငံ နယ် စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့နယ်စပ်ဂိတ်တစ်ခုဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်ကလည်း နယ်စပ်ဂိတ်ထဲက ကားဝန်းထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ကုန်တင်ကား၁၂၀စီးကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ MNDAAနဲ့မြောက်ပိုင်း မဟာ မိတ်တပ်ပေါင်းစုတွေက ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ မူဆယ် ကျင်စန်းကျော့-ဝမ်တိန်နယ်စပ်ဂိတ်အပါအဝင် မုံးကိုး – မန်ဟိုင်းဂိတ်၊ ပန်ဆိုင်း (ကြူကုတ်) – ဝမ်တိန် ဂိတ်၊ နဲ့ ချင်းရွှေဟော် – မိန်းတိန် ဂိတ်တွေကို သိမ်း ဆည်းနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *