ပြိုင်ပွဲဝင်မီးပုံးပျံတွေကိုVoting Systemနဲ့ ဆုများရွေးချယ်ဖို့ ပြင်ဆင်

၂၀ နိုဝင်ဘာ၊၂၀၂၃

၂၀၂၃ခုနှစ်တောင်ကြီးတန်ဆောင်တိုင်မှာ လွှတ်တင်မယ့် ပြိုင်ပွဲဝင်မီးပုံးပျံတွေကိုVoting Systemနဲ့ ဆုများရွေးချယ်သွားမယ်လို့ မီးပုံးပျံပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီက ကြေညာပါတယ်။

ပြိုင်ပွဲဝင်တွေရဲ့မီးပုံးတွေကိုMPTဖုန်းနဲ့SMSပေးပို့ရမယ်လို့ သိရပါတယ်။

တောင်ကြီးတန်ဆောင်တိုင်မှာလွှတ်တင်မယ့်မီးပုံပျံစာရင်းတွေကတော့ညမီးကြီး၂၅ပေမီးပုံးပျံ၊ ညမီးကြီး၂၂ပေမီးပုံးပျံ၊ စိန်နားပန်၁၈ပေမီးပုံးပျံ၊နဲ့နေ့လွှတ်အရုပ်မီးပုံးပျံ(အရုပ်ခြေ၂ချောင်းမီးပုံးပျံ၊အရုပ်၊ခြေ၄ချောင်းမီးပုံးပျံအရုပ်အုပ်စုမီးပုံးပျံ)လွှတ်တင်ပြိုင်ပွဲဝင်ကြမှာ​ဖြစ်ပါတယ်။

မီးအဖွဲ့များအားလုံးကိုVoting System နဲ့ ပထမ ဒုတိယ တတိယ ဆုမျာအဖြစ်ရွေးချယ်သွားမယ်လို့၊ တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီက ကြေညာထားတာပါ။

တန်ဆောင်တိုင်ပွဲ​တော်ကို၂၀၂၃ခုနှစ်နိုဝင်ဘာလ၂၁ရက်နေ့ကနေ၂၇ရက်နေ့အထိ၊အဝေရာမီးပုံးပျံကွင်းမှာပြုလုပ်မှာဖြစ်ပြီး၊ နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲအပါဝင်၊ညလွှတ်မီညမီးကြီးမီးပုံးပျံ၂၅ပေ_၁၅လုံးညမီးကြီးမီးပုံးပျံ၂၂ပေ_၂၃လုံး၊စိန်နားပန်မီးပုံးပျံ၁၈ပေ_၂၅လုံးညလွှတ်မီးပုံးပျံအလုံးရေစုစုပေါင်း(၆၃)လုံးလွှတ်တင်သွားမယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *