နယူးဒေလီ၊ နိုဝင်ဘာ ၁၅
ဥမင်လိုဏ်ခေါင်းထဲမှာ ပိတ်မိနေတဲ့ အလုပ်သမား၄၀ ကို အခုအချိန်အထိ အပြင်ကို ကယ်ထုတ်တာ မလုပ်နိုင် သေးလို့ မိသားစုတွေ အပါအဝင် အာဏာပိုင်တွေကပါ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၃ရက် တနင်္လာနေ့က မြေပြိုကြလို့ ဥတ္တရာကာရှီမှာ ဖေါက်လုပ်နေတဲ့ တောင်ဖေါက် ဥမင်လိုဏ် ခေါင်း ထဲမှာ အလုပ်လုပ်နေတဲ့ အလုပ်သမား ၄၀ထက်မနည်း ပိတ်မိနေကြတာ ဖြစ်ပါတယ်။
ပြည်နယ်နဲ့ ဖက်ဒရယ် ကယ်ဆယ်ရေးအဖွဲ့တွေဟာ အပျက်အစီးတွေကြားက လူတွေကို ကယ်ဖို့ ကြီးမားတဲ့ လေ့ကျင့်ခန်း တွေ လုပ်ပြီး ကြိုတင်ဇာတ်တိုက်လေ့ကျင့်နေတယ်လို့လည်း သိရပါတယ်။
ဒီနေ့တော့ အာဏာပိုင်တွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်ဖို့ အတွက် ဒေလီကနေ ဆန်းသစ်ပြီး ပိုခေတ်မီတဲ့ တူးဖော်ရေးကိရိယာတွေကို ယူလာနေပြီ လို့ BBC Hindi ကို ပြောပါတယ်။
အဲ့ဒိစက်တွေကို အိန္ဒိယလေတပ်က ဟိမဝန္တာမြို့ ဥတ္တရာကာရှီကို နိုဝင်ဘာ ၁၅ရက် ဗုဒ္ဓဟူးနေ့မှာ လေကြောင်းကနေ သယ် သွားဖို့ စီစဥ်ထားတယ်လို့လည်း သိရပါတယ်။
အလုပ်သမားတွေဟာ ဥမင်လိုဏ်ခေါင်းရဲ့ မီတာ ၂၀၀ လောက်အကွာမှာ ပိတ်မိနေပြီး တစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေကလည်း ပိတ်မိနေတဲ့ သူတွေကို အစားအစာ၊ ရေနဲ့ အောက်ဆီဂျင်ကို ပိုက်တွေကတစ်ဆင့် ပြီးခဲ့တဲ့ ၇၂နာရီထဲမှာပဲ ပို့ပေးနေတယ်လို့ သိရပါတယ်။
လက်တွေ့မှာကတော့ ဒီအလုပ်သမားတွေကို အန္တရာယ်က လွတ်မြောက်ဖို့ အချိန်ဘယ်လောက် ကြာဦးမလဲ ဆိုတာကို ရှင်း ရှင်းလင်းလင်း မသိရသေးတာက အားလုံးကို ပိုပြီး စိုးရိမ်စေတယ်လို့ ဆိုကြောင်းပါ။
တစ်ချိန်တည်းမှာပဲ ဆောက်လုပ်ရေးလုပ်သားတွေဟာ ဥမင်လိုဏ်ခေါင်းအပြင်ဘက်မှာ နိုဝင်ဘာ ၁၅ရက် ဗုဒ္ဓဟူးနေ့မှာ စုဝေး ဆန္ဒပြတာတွေ လုပ်ခဲ့ပြီး အာဏာပိုင်တွေကို အမြန်အရေးယူဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
Ref:BBC
ပုံစာ။ အလုပ်သမားတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ ကယ်ဆယ်ရေးအဖွဲ့များ
Feature Image Credit: BBC Hindi