ပြန်ကြားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ရာဇသတ်ကြီးပုဒ်မ ၁၂၄(ဃ)၊ရာဇသတ်ကြီးပုဒ်မ ၅ဝ၅တို့နဲ့ အလုံခရိုင်တရားရုံးကနေ ဒီနေ့ နိုဝင် ဘာလ၂၉ ရက်မှာ ထောင်ဒဏ်၁၀နှစ်ချမှတ်ခဲ့တယ်လို့ တရားရေးအ သိုင်းအဝိုင်းက သိရပါတယ်။

“သူက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ တပ်မတော်အစိုးရနဲ့ပတ်သက်တဲ့ မမှန်သတင်းဖြန့်လို့ဆိုပြီး အဖမ်းခံခဲ့ရပါတယ်။အဖမ်းခံရပြီး အင်းစိန်ထောင်မှာချုပ်ထား ရာကနေပုဒ်မ၂ခုနဲ့ ထောင်၁၀နစ်ချမှတ်ခံခဲ့ရတာပါ”လို့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဦးရဲထွဋ်ဟာ သူနေထိုင်တဲ့ အလုံမြို့နယ်၊ အမှတ် (၁၁) ရပ် ကွက်က နေအိမ်မှာ အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းဖမ်းဆီးခံခဲ့ပြီး အလုံမြို့မရဲစခန်းက မမှန်မကန်သတင်းဖြန့်မှု ရာဇသတ်ကြီး ပုဒ်မ – ၅၀၅-က အမှုဖွင့်ခဲ့ပြီး အင်းစိန် ထောင်မှာ ချုပ်ထားရာကနေ အလုံခရိုင် တရားရုံးက ဒီနေ့မှာ အမိန့်ချမှတ်ခဲ့တာလို့ သိရပါတယ်။
Visited 38 times, 1 visit(s) today



