ပြန်ကြားရေးပြည်ထောင်စုဝန်ကြီးဟောင်းဦးရဲထွဋ် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့် ဖမ်းဆီးခံ

ပြန်ကြားရေးပြည်ထောင်စုဝန်ကြီးဟောင်းဦးရဲထွဋ်ကို အောက်တိုဘာလ၂၉ရက်မနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်က အလုံမြို့မရဲစခန်းမှာ နိုင်ငံတော်အ ကြည်ညိုပျက်စေမှု ပုဒ်မနဲ့လာရောက် အမှုဖွင့်တိုင်ကြားခဲ့တာကြောင့် အလုံရဲစခန်းက (ပ)၂၁၆/၂၀၂၃ ရာဇ သတ်ကြီးပုဒ်မ၅၀၅ (က)နဲ့ အမှုဖွင့် ဖမ်းဆီးပြီး အောက် တိုဘာလ၂၉ရက်မနက်ပိုင်းက အင်းစိန်ထောင်ကို ပို့ ဆောင်လိုက်တယ်လို့ သိရပါတယ်။

ပြန်ကြားရေးပြည်ထောင်စုဝန်ကြီးဟောင်းဦးရဲထွဋ်ဟာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြည်သူလူထုထိတ်လန့်စေရန် ကြံရွယ်ပြီး မမှန်သတင်းများဖြန့်ဝေခြင်းနဲ့ အစိုးရ ဝန်ထမ်းများ ပြစ်မှုကျူးလွန်လာစေရန်ရည်ရွယ်လှုံ့ဆော်စေတဲ့ ရေးသားချက်တွေကို ပြုလုပ်ခဲ့တာကြောင့် ရန်ကုန် တိုင်းစစ်ဌာနချုပ်က အမှုဖွင့်တိုင်ကြားခဲ့တာလို့ သိရပါတယ်။

ပြန်ကြားရေးပြည်ထောင်စုဝန်ကြီးဟောင်းဦးရဲထွဋ် စစ် တပ်နဲ့ပတ်သက်တဲ့ ရေးသားမှုများကို သူရဲ့လူမှုကွန် ရက်စာမျက်နှာပေါ်မှာ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ရေးသားလေ့ရှိသူလည်း ဖြစ်ပါတယ်။

Visited 17 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *