■ပြည်သူ့စစ်သင်တန်း အမှတ်စဥ် (၁)ကို သင်တန်းသား ၅၀၀၀နဲ့ စတင်မှာဖြစ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင်ပြီး အာဏာ တည်တယ်လို့ သတင်းထုတ်ပြန်ပြှီးနောက် ပြည် သူ့စစ်သင် တန်း အမှတ်စဥ် (၁)ကို သင်တန်းသား ၅၀၀၀ နဲ့ စတင် ဖွင့်လှစ်တော့မှာ လို့ သိရပါတယ်။



ပြည်သူ့စစ်သင်တန်း အမှတ်စဥ် (၁)ကို ၂၀၂၄ခုနစ်ဇွန်လမှ စတင်ဖွင့်လှစ်နိုင်ဖို့လျာထားပြီး ၂၀၂၄ခုနှစ်ဒီဇင်ဘာ လမှာ သင်တန်းပြီးဆုံးမှဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့စစ်သင်တန်းကို စတင်ဖွင့်လှစ်ရာမှာ အပတ်စဉ် ၁ မှ ၃ အထိ တပ်မတော်မိသားစုဝင်များနှင့် တပ်မတော်ချစ်မြတ်နိုးသူများ၊မိမိစိတ်ဆန္ဒနဲ့ အရင်ဦးဆုံး တာဝန်ထမ်းလိုသူ၊မိမိစိတ်ဆန္ဒနဲ့ အမည်စာရင်း အရင်ဆုံးလာပေးသူများ ကိုသာ စီစစ်ရေးအဖွဲ့များက သေချာစီစစ်ပြီးမှ ဦးစားပေး လက်ခံသွားမယ်လို့ သိရပါတယ်။
ပြည်သူ့စစ်သင်တန်းအပတ်စဉ် ၁ မှ ၃ အထိ အမျိုးသားများကိုသာ ဦးစားပေး ခေါ်ယူလေ့ကျင့်ပေးသွားမည်ဖြစ်ပြီး မိမိစိတ်ဆန္ဒနဲ့ ဝင်ရောက််တာဝန်ထမ်းဆောင်မယ့်အ မျိုးသမီးများကိုတော့ အနည်းဆုံး အင်အားကိုသာ ခေါ်ယူလေ့ ကျင့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။




သင်တန်းပြီးစီးပါက မိမိတို့ ရပ်ရွာဒေသရှိ လုံခြုံရေးဆိုင် ရာ တပ်ဖွဲ့, တပ်ရင်းများမှာ တာဝန် ထမ်းဆောင်ရမှာဖြစ်ပြီးတ သ လစာနဲ့ ရိက္ခာ ရရှိခံစားရမှာဖြစ်ကာပညာအ ရည်အချင်းအလိုက် လစာပိုမို ထပ်မံရရှိမယ်လို့ သိရပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့၂၀၂၄ နှစ်အတွင်း လူဦးရေသုံးသောင်းသာ ကန့်သတ် လက်ခံမှာဖြစ်ပြီး ၂၀၂၄ နှစ် နောက် ပိုင်း အပတ်စဉ် ၂ မှစပြီး တစ်နိုင်ငံလုံးအတိုင်းအ တာနဲ့ လူ ဦးရေ ငါးသောင်းကျော်ကို အင်အား အကန့်အ သတ်၊ အပတ်စဉ် အကန့်အသတ်၊နှစ်အကန့်အသတ်နဲ့သာ ခေါ်ယူ လေ့ကျင့် တာဝန်ထမ်းဆောင်စေမယ်လို့ သိရပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေဟာ နိုင်ငံသားအားလုံးနဲ့ သက် ဆိုင်တဲ့ ဥပဒေဖြစ်ပြီး ဥပဒေကိုရှောင်ရှားပြီး တခြားလက်နက်ကိုင်အဖွဲ့ကို ဝင်ရောက်မယ်ဆိုရင် ဥပဒေကို ချိုးဖောက်တာ ဖြစ်တဲ့အတွက် တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရမှာဖြစ်ပါတယ်။
နိုင်ငံခြားမှာ ကျောင်းတက်နေသူတွေ အလုပ်လုပ်ကိုင်နေသူတွေအနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၁၅ (က) မှာ ပါရှိတဲ့အတိုင်း စစ်မှုထမ်းဆောင်ခွင့်ကို ယာယီရွှေ့ ဆိုင်းနိုင်ပြီး သူတို့အနေနဲ့ ပညာသင်ကြားမှု ပြီးဆုံးချိန်နဲ့ လုပ်ငန်းတွေ ဆောင်ရွက်ပြီးချိန်မှာ ပုဒ်မ ၁၅ (ခ) နဲ့အညီ နိုင်ငံတော် ကာ ကွယ်ရေးတာဝန်အတွက် သတ်မှတ်ကာ လပြီးဆုံးတဲ့အထိ စစ်မှုထမ်းဆောင်တာကို ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြည်သူ့ စစ်မှုထမ်းဖို့ ခေါ်ယူမှုကိုတော့ လာမယ့် ဧပြီလ သင်္ကြန်ရုံးပိတ်ရက်အပြီးမှာ စတင်အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။



