ပြည်သူတွေ စစ်မှုထမ်းဖို့ အဆင်သင့်ဖြစ်နေရမယ်လို့ ဒေါက်တာသက်သက်ခိုင် ပြောကြား

၂၅ မတ်၊၂၀၂၄

ပြည်သူတွေအနေနဲ့ စစ်ပညာသင်ကြားရန်နဲ့ လိုအပ်ပါက နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်ရန် အဆင်သင့်ဖြစ်နေရမယ်လို့

ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကပြောပါတယ်။

နေပြည်တော်ရှိ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနမှာ မတ်လ၂၂ရက်နေ့က ကျင်းပတဲ့ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားမှာပြောကြားခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က “ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်းပြီး လူမှုကွန်ယက်စာမျက်နှာများ၌ မဟုတ်မမှန် သတင်းတု၊ သတင်းမှားများ ဖြန့်ဝေရေးသားနေသည့်အတွက် ဝန်ထမ်းများ အယုံမလွယ်စေရန် ယနေ့အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ပေးခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်း ဥပဒေမှာ ယခု လတ်တလော အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေမဟုတ်ဘဲ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၅၉ ခုနှစ်က ပြဌာန်းခဲ့ပြီး ၄-၁၁-၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြန်လည်ပြင်ဆင်ပြဌာန်းခဲ့ပါကြောင်း”ပြောခဲ့တာ​​​ဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်က ယင်းပြည်သူ့ စစ်မှုထမ်းဥပဒေကို အာဏာတည်ကြောင်းကိုသာ အမိန့်ထုတ်ပြန်ခဲ့ပြီး၊ မိမိတို့နိုင်ငံတွင်သာ မက ကမ္ဘာ့နိုင်ငံကြီးများတွင်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်တွေ့ကျင့်သုံးနေတယ်လို့ ပြောခဲ့ကြားခဲ့ပါတယ်။

နိုင်ငံတော်တွင်ရှိတဲ့ နိုင်ငံ့စွမ်းအားစုအားလုံး ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တစ်ခုတည်း သောနည်းလမ်းသည် အမျိုးသားစစ်မှုထမ်းစနစ်(National Service) ဖြစ်ပြီးဝန်ကြီးဌာန ရှိ ဝန်ထမ်းများအနေနဲ့ထုတ်ပြန်ထားရှိတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များ ကို လေ့လာရန်လိုအပ်ပြီး မိသားစုဝင်များထံသို့ အမှန်သတင်းများကို လက်ဆင့်ကမ်းဖြန့်ဝေပေးဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Visited 23 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *