ပြည်လမ်း ဗိုလ်ခြံမှတ်တိုင်အနီးမှာ ကား၃စီးတိုက်

  • လမ်းသွားလမ်းလာများပါ ဒဏ်ရာရ

၁၉ မေ၊၂၀၂၄

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ် ပြည်လမ်း ဗိုလ်ခြံမှတ်တိုင်အနီးမှာ ဒီနေ့နေ့လယ်၂နာရီဝန်းကျင်အချိန်က ကား၃စီးတိုက်မှုဖြစ်ပွားခဲ့တာကြောင့် သံဃာ(၂) ပါးအပါဝင်၈ဦးဒဏ်ရာရရှိခဲ့တယ်လို့ အနီးနားဝန်းကျင်နေသူတွေဆီက သိရပါတယ်။

“အရှိန်တော်တော်ပြင်းပုံရတယ်။ကားအကောင်းကြီးတောင် ခေါင်းတွေကြေသွားတယ်။ယာဥ်ကြောရှင်းနေတာပဲ မြင်ခဲ့ရတယ်”လို့အနီးနားမြင်ခဲ့သူတဦးက ပြောပါတယ်။

​အဆိုပါဖြစ်စဉ်ကြောင့် သံဃာ(၂) ပါး၊မ(၅)ဦး၊ ကျား(၁)ဦး

စုစုပေါင်း (၈)ဦးဒဏ်ရာရရှိပြီး လူမှုကူညီရေးအသင်းအဖွဲ့အရေးပေါ် ကားများနဲ့ အင်းစိန်ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *