ပြည်မှာ ဆောက်လုပ်ဆဲ လေးထပ် အဆောက်အဦရဲ့ လေးထပ်မြောက်ကနေ အမျိုးသား တစ်ဦးပြုတ်ကျသေဆုံး

မကွေးတိုင်းဒေသကြီး၊ပြည်မြို့က ဆံတော်နယ်မြေ ( ဆောက်လုပ်ရေးလုပ်ငန်းခွင် )ဆောက်လုပ်ဆဲလေးထပ်အဆောက်အဦးရဲ့ လေးထပ်မြောက်ကနေ အမျိုးသားတစ် ဦးပြုတ်ကျပြီး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်တစ်ခု သြဂုတ်လ၂၆ရက်မနက်၉နာရီ၃၀မိနစ်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

photo–ပရဟိတပါရမီအသင်း

ပြုတ်ကျသေဆုံးဖြစ်ပွားခဲ့ရတဲ့အကြောင်းအရင်းကို မသိရသေးဘဲ ပြုတ်ကျသေဆုံးခဲ့တဲ့အမျိုးသားဟာ ဆောက်လုပ်ရေးလုပ်ငန်း ခွင်အတွင်းက လုပ်သားမဟုတ်ဘူးလို့ သိရပါတယ်။

အဆောက်အဦးပေါ်ကနေ ပြုတ်ကျခဲ့တဲ့ အမျိုးသားဟာ ခြေထောက်ကျိုး ၊ လက် နှစ်ချောင်းကျိုး ၊တင်ပါးဆုံ (အပေါက်)၊ နဖူးကွဲ ပြင်းထန်ဒဏ်ရာများရရှိခဲ့တာ ကြောင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ (ပြည်) ပရဟိ တပါရမီအသင်းက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပေမယ့် သေဆုံး သွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို ပရဟိတပါရမီအသင်းက မော်တော် ယာဉ်နဲ့ ပြည်ဆေးရုံကို ပို့ဆောင်ပေးခဲ့ တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *