ဘယ်သူက သတ်သွားတာလဲဆိုတာ မသိရသေး
ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့၊ရွှေတချောင်းလမ်း၊ ဝါးရုံလမ်းထိပ်က ဓာတ်ပုံဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်တဲ့ အသက်၂၅နှစ်အရွယ်အမျိုးသားတစ်ဦး ကတ် ကြေးနဲ့ အချက်ပေါင်းများစွာ ထိုးခံရပြီး သေဆုံးခဲ့ရတဲ့ဖြစ်စဥ်တစ်ခု မေလ၂၄ရက်မနက်၁နာရီခန့်က ဖြစ်
ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။”ဓါတ်ပုံဆိုင်မှာ အလုပ်လုပ်တဲ့ကောင်လေးကို ဘယ်သူက အခုလို ရက်ရက်စက်စက်သတ်သွားတာလဲဆိုတာ မသိသေးပါဘူး။ရန်ညှိုးကြောင့်လား ပစ္စည်းလာခိုးတာလူမိလို့ သတ်သွားတာလားဆိုတာ သေချာမသိရသေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသွားတဲ့အမျိုးသားရဲ့ရုပ်အလောင်းကို ခေတ္တရာလူငယ်များသာရေးနာရေးကူညီပံ့ပိုးမှုအသင်းက သွားရောက်ပြီး ပြည်မြို့ပြည်သူ့ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
Visited 53 times, 1 visit(s) today



