ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ထောင်ဒဏ်၅နှစ်ချမှတ်

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ်ကို တာဝန်ထမ်းဆောင်ချိန်ကာလမှာ ပြစ်မှုကျူးလွန်တာ ထင်ရှားခဲ့တာကြောင့် စစ်တ ရားရုံးကနေ ထောင်ဒဏ်၅နှစ်ချမှတ်ခဲ့တယ်လို့ နစကက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်းစိုးထွဋ်ဟာ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်ချိန်က Green Channel စနစ်နဲ့ မြန်မာနိုင်ငံကူးလက် မှတ် ဝန်ဆောင်မှုလုပ် ငန်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီများက အကူအညီတောင်းခံမှုအပေါ် ရာထူးနှင့်လုပ်ပိုင် ခွင့်ကို မလျော်သြဇာ အသုံးပြုပြီး နိုင်ငံကူးလက်မှတ်များကို ခွင့်ပြုပေးရန် ညွှန်ကြားခဲ့ခြင်း၊ တံ စိုးလက်ဆောင် လက်ခံရယူခဲ့ခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဝန်ထမ်းသက်သာချောင်ချိရေးရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ညီညွှတ်မှုမရှိတဲ့ ဆောင်ရွက်မှုများအ ပေါ် ထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက် ဆိုင်ရာဥပဒေပုဒ်မများနဲ့ စွဲချက်တင်ခဲ့ပြီး စစ်တ ရားရုံးကနေ ထောင်ဒဏ် ၅နှစ်ချမှတ်ခဲ့တာလို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *