ပြည်မြို့တွင် အမျိုးသမီးတစ်ဦးအားအသေသတ်၍နေအိမ်ဖောက်ထွင်း ပစ္စည်းယူမှု ဇွန်လ၈ရက် ညနေက ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်တယ်ရေးအဖွဲ့(ပြည်)က သိရသည်။



ဇွန်လ (၈)ရက်၊ ညနေ (၄) နာရီ အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး ၊ အနောက်ပိုင်း ( ပြည်ခရိုင်)၊ပြည်မြို့ – အောင်ဆန်းပြည်သာယာရပ်ကွက် (၃)လမ်းထိပ် ဟိုတယ်ခေတ္တရာအနီးရှိ (နေအိမ်တွင်) အမျိုးသမီး တစ်ဦးအားသတ်၍ နေအိမ်အတွင်မှပစ္စည်းများအားဖောက်ထွင်း လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။



သေဆုံးသွားသည့် အမျိုးသမီးတွင် ညာဘက်နားထိုးထွင်းဒဏ်ရာနှင့်ရိုက်နှက်ခံထားရသည့်ဒဏ်ရာများ တွေ့ရှိရပြီး တန်ဖိုးရှိရွှေထည်နှင့်ငွေသားများ ပျောက်ဆုံးနေကြောင်းလည်းသိရသည်။



မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပါရမီ သို့ အကြောင်းကြားသဖြင့် သွားရောက်ကာဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်းနှင့်ပူးပေါင်းကာ သွားရောက်ကူညီပေးခဲ့ကြောင်း၊ယင်းအပြင်သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့ မှ စစ်ဆေးမှူများပြုလုပ်ပြီးနောက် ၎င်း သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းအားခေတ္တရာလူငယ်များ သာရေးနာရေးကူညီပံ့ပိုးမှုအသင်း မှDead Body ယာဥ်ဖြင့် ပြည်ဆေးရုံကြီး ရင်ခွဲရုံသို့ ပူးပေါင်းပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။