တရုတ်ကုမ္ပဏီတွေက လုပ်နေတာလို့ သံသယရှိကြောင်းပြော
ဆိုးလ်၊ နိုဝင်ဘာ ၁၅
တရုတ်ကုမ္ပဏီတွေ က လုပ်ကိုင်နေတယ်လို့ သံသယရှိနေတဲ့ ကိုရီးယားဘာသာစကား သတင်းဝဘ်ဆိုဒ် ၃၈ ခုကို ဖော် ထုတ်နိုင်ခဲ့တယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီက နိုဝင်ဘာ ၁၃ ရက်က သတင်း ထုတ်ပြန်ပါတယ်။
တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေးဌာန (NIS) ရဲ့ အဆိုအရ သတင်းအတုတွေကို တရုတ်လူမှုဆက်ဆံရေး ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Haimai နဲ့ Haixun တို့က ဖန်တီးခဲ့တာလို့လည်း စွပ်စွဲ ထားပါတယ်။
တရုတ်ကုမ္ပဏီတွေဟာ တောင်ကိုရီးယားမှာရှိတဲ့ ကုမ္ပဏီတွေနဲ့ ဆင်တူတဲ့ဒိုမိန်းနာမည်တွေနဲ့ ဝဘ်ဆိုဒ်တွေကို ဖန်တီး ခဲ့ကြတာလို့ ကိုရီးယားဘက်က ပြောပါတယ်။
အဲ့ဒိ ဝဘ်ဆိုဒ်အတုတွေဟာ ခွင့်ပြုချက်မရှိဘဲ တောင်ကိုရီးယား ပြည်တွင်းသတင်းဆိုက်တွေက ဆောင်းပါး တွေကို တင် ကာ ကိုရီးယားဒစ်ဂျစ်တယ်သတင်းအဖွဲ့ရဲ့ အဖွဲ့ဝင်တွေ အဖြစ် ဟန်ဆောင်ခဲ့တယ်လို့ ထောက်လှမ်း ရေးအေဂျင်စီက ဖော် ထုတ်ခဲ့ပါတယ်။
သူတို့ တင်တဲ့ သတင်းအတုတွေက တရုတ်လိုလားပြီး အမေရိကန်ကို ဆန့်ကျင်ရေးအကြောင်းအရာတွေကို ဖြန့်ကြက်ဖို့ သူတို့ရဲ့ ၀ဘ်ဆိုဒ်တွေနဲ့ NewsWire တွေကိုအသုံးပြုဖို့ ကြိုးစားခဲ့တယ်လို့ NIS က ပြောပါတယ်။
သူတို့ ဖော်ပြခဲ့တဲ့ သတင်းအတုတွေထဲမှာ တရုတ်အစိုးရရဲ့ COVID-19 ကပ်ရောဂါကို ကိုင်တွယ်တာကို ချီးကျူးတာတွေ အပြင် အမေရိကန်ဦးဆောင်တဲ့ ဒီမိုကရေစီအတွက် တောင်ကိုရီးယားရဲ့ပါဝင်မှုဟာ “ကောင်းသည်ထက်ဆိုးကျိုး” သာရှိ ခဲ့တယ် စတဲ့ အကြောင်းတွေ ပါတယ်လို့ သိရပါတယ်။
ဆက်ပြီးတော့ တခြားဆက်စပ်အစိုးရအေဂျင်စီတွေနဲ့ ပူးပေါင်းပြီး သတင်းအတုဆိုဒ်တွေကို ပိတ်ပစ်မှာ ဖြစ်ပြီး တောင်ကို ရီးယားမှာ ဆိုက်ဘာလွှမ်းမိုးမှုကို ချဲ့ထွင်ဖို့ ရည်ရွယ်တဲ့ တရုတ်ရဲ့ လုပ်ဆောင်မှုတွေကို အနီးကပ်စောင့်ကြည့် နေမယ်လို့ NIS က ပြောဆို ကြောင်း သိရပါတယ်။
Ref: Agencies/cm
Feature Image Credit: Army.Mil