ပြည်တွင်းလက်လီဈေးကွက်မှာ ဖြန့်ချိရောင်းချနေတဲ့ စားသုံးရန်မသင့်တဲ့ စားသောက်ကုန်ပစ္စည်း၃၉မျိုးကို FDA Myanmar ထုတ်ပြန်

  • အရည်အသွေးစစ်မှန်ပြီး ကောင်းမွန်ဘေးကင်းတဲ့ အစားအသောက်တွေ အများပြည်သူစားသုံးနိုင်ဖို့ ဆောင်ရွက်နေ

နေပြည်တော်၊ ဖေဖေါ်ဝါရီ ၁၈

ပြည်တွင်းလက်လီဈေးကွက်အတွင်းမှာ ဖြန်ချိရောင်း ချနေတဲ့ စားသောက်ကုန်ပစ္စည်းတွေထဲက စားသုံးရန် မသင့်တဲ့ စားသောက်ကုန်ပစ္စည်း၃၉မျိုးအမည်စာရင်းကို ဖေဖော်ဝါရီလ၁၈ရက်က ကျန်းမာရေးဝန်ကြီးဌာနရဲ့အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA Myanmar)ကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီစားသောက်ကုန်တွေမှာ Benzoic acid, Sodium Cyclamate, Residual So2, Sodium Benzoate, Potassium Sorbate, Postassium Sorbate တို့အားသတ်မှတ်ပမာဏထက်ပို့ပိုမိုသုံးစွဲထားခြင်း၊ ခွင့်မပြုဆိုးဆေး Rhodamine B, Orange ll, Auramine O များပါဝင်ခြင်း၊ အဏုဇီဝသတ်မှတ်ချက်ဖြင့် ကိုက်ညီမှုမရှိခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

စားသောက်ကုန်ပစ္စည်း၃၉မျိုးအမည်စာရင်းကတော့

၁။ရွှေအုပ် အမှတ်တံဆိပ် မက်မန်းယို

၂။ကောင်းဟိန်း အမှတ်တံဆပ်ဇီးယို

၃။ဘုရင်မ အမှတ်တံဆိပ် မက်မန်းသီး(အနီ)

၄။ရုပ်ပုံပါ မန်ကျည်းဖလိတ်ပြား

၅။123 အမှတ်တံဆိပ် သရက်ယို

၆။Hong Yuan အမှတ်တံဆိပ် ဇီးသီးယို

၇။MK အမှတ်တံဆိပ် မက်မန်းသီး(အနီ)

၈။ASA(Kisses You)အမှတ်တံဆိပ် Heart Jelly

၉။LANTERNအမှတ်တံဆိပ်(ပုလင်း)Bubble Gum

၁၀။Fruityအမှတ်တံဆိပ်(ပလတ်စတစ်ခွက်)အချိုရည်

၁၁။ဇမ္ဗူကျော်အမှတ်တံဆိပ် ရှောက်သီးတော်ဖီအစပ်

၁၂။မမော် အမှတ်တံဆိပ် ဇယန်းလက်ဖက်အစို

၁၃။အေးအေးအောင်အမှတ်တံဆိပ် သစ်သီးယိုစုံ

၁၄။New Choiceအမှတ်တံဆိပ် မက်မွန်သီးအနီ

၁၅။ABC(rainbow)အမှတ်တံဆိပ်(ပလတ်စတစ်ပုလင်း) စတော်ဘယ်ရီအရသာအချိုရည်

၁၆။ခြငေ်္သ့မင်း အမှတ်တံဆိပ် ငရုတ်ဆီ

၁၇။Lucky Tiger အမှတ်တံဆိပ် ငရုတ်ဆီ

၁၈။Sun Lightအမှတ်တံဆိပ်(ပလတ်စတစ်ပုလင်း) ကိုလာအရသာအချိုရည်

၁၉။ဇယန်းရွှေတောင် အမှတ်တံဆိပ် ပဲကြီးလှော်

၂၀။အက်ရှင် အမှတ်တံဆိပ် စံဂျူး

၂၁။ကံသာရွှေဇီးလုံးကြီး အမှတ်တံဆိပ် ဇီးသီးပေါင်း

၂၂။ဝါလေး အမှတ်တံဆိပ် မက်မန်းသီးအနီ

၂၃။ဂွန်းဂွန်း အမှတ်တံဆိပ် ပုန်းရည်ကြီး

၂၄။ရုပ်ပုံပါ ခေါက်မုန့်အနီ

၂၅။အရီးလေး အမှတ်တံဆိပ် အောင်လံပုန်းရည်ကြီး

၂၆။မေပုလဲ အမှတ်တံဆိပ် မက်မန်းသီးအနီ

၂၇။မေပုလဲ အမှတ်တံဆိပ် သစ်သီးယို

၂၈။ရွှေဒင်္ဂါး အမှတ်တံဆိပ် သာကူချောင်း

၂၉။ထူးရှယ် အမှတ်တံဆိပ် ငါးပိ

၃၀။Thailandစာသားပါ (ပလတ်စတစ်ပုလင်း) ယိုးဒယားငါးပိရည်

၃၁။Thailandစာသားပါ (ပလတ်စတစ်အိတ်)ကြက် ကြောလုံး

၃၂။TP Foodအမှတ်တံဆိပ် ကြက်ကြောလုံး

၃၃။City Food Squidအမှတ်တံဆိပ် ရေဘဝဲချောင်း

၃၄။Thailandစာသားပါ (ပလတ်စတစ်အိတ်) ပုဇွန်လုံး

၃၅။Shenglong အမှတ်တံဆိပ် ပုဇွန်လုံး

၃၆။တရုတ်စာသားပါ (ပလတ်စတစ်အိတ်) ပုဇွန်လုံး

၃၇။Thailandစာသားပါ (ပလတ်စတစ်အိတ်)တို့ဟူးတို့ပဲဖြစ်ပါတယ်။

ပြည်တွင်းလက်လီဈေးကွက်အတွင်းက စားသောက်ကုန်ပစ္စည်းတွေကို FDA Myanmarအနေနဲ့၂၀၂၂ခုနှစ်ဇန်နဝါရီလ ကနေဇူလိုင်လအထိ အစားအသောက်နမူနာ ရယူပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ အခုအပေါ်မှာ ဖော်ပြထားတဲ့ စားသောက်ကုန် ပစ္စည်း ၃၉ မျိုးဟာ စားသုံးရန်မသင့်တဲ့ စားသောက်ကုန်ပစ္စည်းတွေဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ထုတ်ပြန်လိုက်တဲ့ ကုန်ပစ္စည်းအမျိုးအမည်နဲ့ အမှတ်တံဆိပ်များ(FDA)

    Visited 1 times, 1 visit(s) today

    Leave a Reply

    Your email address will not be published. Required fields are marked *