ရွှေစျေးက စံချိန်တင်မြင့်တက်နေပေမယ့် ရန်ကုန်၊မန္တလေး ရွှေဆိုင်အချို့မှာ အခေါက်ရွှေနဲ့ဖြတ်စ အ ရောင်းအဝယ် ခေတ္တရပ်နားထား
ပြင်ပရွှေစျေးကွက်မှာ ရွှေစျေး တရိပ်ရိပ်တက်လာပြီးမေ လ၂၉ရက်ညနေပိုင်းပေါက်စျေးအရ အ ခေါက်ရွှေတစ်ကျပ်သားကို ၅၈သိန်းကျော်အထိ စံချိန်တင် ထပ်မံမြင့်တက်နေတယ်လို့ ပြင်ပရွှေအ ရောင်းအဝယ်စျေးကွက်က သိရပါတယ်။
“ရွှေစျေးက တောက်လျှောက်တက်နေပြီး ရွှေဆိုင်တွေမှာ ဖြတ်စအရောင်းအဝယ်ပိတ်ထားတယ်။စျေးကွက်က ပျက်နေတယ်လို့ ပြောရမှာပါ။စျေးတက်ရတဲ့အကြောင်းပြောရမယ်ဆိုရင် ဒေါ်လာစျေးကလည်းတက်လာတာရယ်။ လူတွေ ရွှေကို အလု အယက်ဝယ်နေတာတွေလည်း ပါတယ်”လို့ရွှေအရောင်းအဝယ်လုပ်သူတစ်ဦးကပြောပါတယ်။
ပြင်ရွှေစျေးကွက်မှာ အခေါက်ရွှေ တစ်ကျပ်သားကိုရောင်းဈေး ၅၈၂၀၀၀၀ ကျပ်နဲ့ဝယ်ဈေး ၅၇၈၀၀၀၀ ကျပ်ပေါက်စျေးရှိနေပေမယ့် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ သတ်မှတ်ထားတဲ့လရွှေစျေးကတော့ အခေါက်ရွှေ တစ်ကျပ်သားကို၃၉၉၉၈၀၀ကျပ်သာ ရှိတာကြောင့် ပြင်ပစျေးကွက်နဲ့သတ်မှတ်စျေးဟာ ကျပ်သိန်း၂၀နီးပါးကွာဟနေတယ်လို့ သိရပါတယ်။
ပြည်တွင်းရွှေစျေးကွက်အတွင်း ရွှေစျေးတွေ အဆ မ တန်မြင့်တက်လာမှုအပေါ် ပြီးခဲ့တဲ့မေလ ဒုတိယပတ်အတွင်းမှာ ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေ၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးတွေ အရေးပေါ် အစည်း အဝေးတစ်ခု ပြုလုပ်ခဲ့ပြီး ဗဟိုဘဏ်ဥက္ကဌက ရွှေဈေး နှုန်းမတည်မငြိမ်ဖြစ်အောင် လုပ်သူတွေကို ဥပဒေနဲ့အညီ ကြီးကြပ်အရေးယူသွားမယ်လို့ ပြောထားပေမယ့် အခုချိန် ထိ ဘယ်သူ့ကို ဘယ်လိုအရေးထားတယ်ဆိုတာကို သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။



