- ဓားပြတိုက်ရာမှာ စုစုပေါင်း တန်ဖိုး ၃၅၇သိန်းကျပ်နဲ့ဒုရဲမှူးရဲ့ ခြောက်လုံးပြူးသေနတ်နဲ့စကားပြောစက် ပါ ယူဆောင်သွား
ပြည်ကြီးတံခွန်၊ ဖေဖေါ်ဝါရီ ၂၅
မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊(ဋ)ရပ်ကွက်၊၄၄ လမ်း×၁၃၆လမ်း၊ညောင်ပင်ကုန်းရွာအတွင်းက ဒုရဲမှူးတစ်ဦး ရဲ့အမ နေအိမ်ကို ဖေဖော်ဝါရီလ၂၅ရက် ညနေ၆နာရီခွဲခန့်က ဓားပြတိုက်ခံရပြီး အဲဒီနေအိမ်ကို အလည်ရောက်ရှိ နေတဲ့ ဒုရဲမှူးပါ အသတ်ခံရပြီး သူကိုင်ဆောင်တဲ့ ခြောက်လုံးပြူးသေနတ်နဲ့စကားပြောစက်တို့ကို ဓားပြအဖွဲ့က ယူဆောင်သွားခဲ့တယ်လို့ ခိုင်မာတဲ့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဖြစ်စဉ်ကတော့ ဖေဖော်ဝါရီလ၂၅ရက် ညနေ၆နာရီခွဲခန့်ကပြည်ကြီးတံခွန်မြို့နယ်၊(ဋ)ရပ်ကွက်၊၄၄ လမ်း× ၁၃၆ လမ်း၊ညောင်ပင်ကုန်းရွာအတွင်းက အိမ်ပွဲစားဒေါ်….နေအိမ်ကို ဆိုင်ကယ်၃စီးနဲ့အမည်မသိအမျိုးသား ၈ဦးတို့က သေနတ် အတို၁ လက်နဲ့ဓါးများနဲ့ အိမ်အတွင်း ဝင်ရောက်ပြီး ဓါးပြတိုက်နေတဲ့အချိန်မှာ အဲ့ဒီနေအိမ်ကို အလည် ရောက်ရှိနေတဲ့ အိမ်ပိုင်ရှင် ရဲ့မောင်တော်စပ်သူ အမှတ်(၆)မီးရ ထားရဲတပ်ဖွဲ့(မြစ်ငယ်)တပ်ခွဲမှူး ဒုရဲမှူး ဝင်းမင်းသန့် ထံမှာပါလာတဲ့ စကား ပြောစက်က အသံတွေ ထွက်လာတာကြောင့်ဓားပြတွေက ဒုရဲမှူးးကို သေနတ်(အတို)နဲ့ ၃ချက်ခန့် ပစ်ခတ် ခတ်ခဲ့ လို့ဒုရဲမှူးမှာဦးခေါင်း ငယ်ထိပ်မှ၁ချက်ဖောက်ဝင်ပြီးယာဂုတ်မှဖောက်ထွက်ဒဏ်ရာ၁ချက်၊ဦးခေါင်း နောက်စိမှ ဖောက်ဝင် ၁ချက်နဲ့ဝဲခါးစောင်း မှဖောက်ဝင် ဒဏ်ရာ၁ချက် စုစုပေါင်း ၃ချက်တို့ထိမှန်ခဲ့ပြီး အခင်းဖြစ်နေရာမှာ သေဆုံး သွားခဲ့ပြီး ဓါးပြတိုက်မှုကြောင့် ငွေ ကျပ် သိန်း ၃၀၀ကျပ်၊ ငွေထည် လက်ဝတ်လက်စား လက်ကောက် ၂ကွင်း ၅မူးသား၊မောင်းကွင်းလက်စွပ် ၁ကွင်း၊၁မတ် သားဆွဲကြိုး ၁ ကုံး၊၁ကျပ်ခွဲသားဆွဲသီး ၁မတ်သားစုစုပေါင်း တန်ဖိုး ၃၅၇သိန်းကျပ်တို့ကို ဓားပြအဖွဲ့က ယူဆောင်သွား ခဲ့တဲ့အပြင် ဒုရဲမှူး ကိုင်ဆောင်ထား တဲ့ ခြောက်လုံးပြူး ပစ္စတို၁လက်၊ကျည် အမျိုးအစား၁၈တောင့်နဲ့ စကား ပြောစက်၁လုံး တို့ကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။