ပြည်ကြီးတံခွန်မြို့နယ်က မီးလောင်မှုဖြစ်တဲ့နေရာမှာ ရွှေထည်ပစ္စည်းများ တွေ့ရှိ

နေအိမ်ပိုင်ရှင်ဖြစ်သူဆီ မီးသတ်တပ်ဖွဲ့ဝင်များက ပြန်လည်ပေးအပ်ခဲ့

မီးသတ်တပ်ဖွဲက အိမ်ရှင်ကို ရွှေထည်ပစ္စည်းတွေ ပြန်ပေးနေပုံ
ဓါတ်ပုံ။ သန်းဌေး

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊(ဈ) ရပ်ကွက်၊ ၆၅ လမ်းနဲ့၁၃၉လမ်းအနီးက စာရေးကိရိယာအရောင်းဆိုင်နေအိမ်မှာ ဧပြီလ၁ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်တပ်ဖွဲ့ဝင်များက မီးကြွင်းမီးကျန်များကို ငြှိမ်းသတ်ရင်း ရွှေထည်ပစ္စည်းများကို တွေ့ရှိခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့များက နေအိမ်ပိုင်ရှင်ဖြစ်သူဆီ ပြန် လည်ပေးအပ်ခဲ့တယ်လို့ မီး သတ်တပ်ဖွဲ့အသိုင်းအဝိုင်းက သိရပါတယ်။

မီးလောင်မှုကို Lv1အဆင့်သတ်မှတ်ပြီး ပြည်ကြီးတံခွန်မြို့ နယ်အတွင်းက သန္ဓေနဲ့အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဥ်များ၊ရေသယ်များနဲ့ထွက်ခွာ မီးငြှိမ်းသတ်ပေးခဲ့ရာ မီးလောင်မှုဖြစ်ပွားအပြီး မိနစ်၂၀ ကျော်အကြာမှာမီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

Photo- Than Htay

Visited 31 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *