ပြည်ကြီးတံခွန်မြို့နယ်မှာ မီးလောင်မှုဖြစ်ပွား

■မီးလောင်မှုကြောင့် နေအိမ်၁၀လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ရ

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်၊ကံကြီးကုန်းရပ်၊၅၁ လမ်းနဲ့၁၂၄လမ်းမှာဖေဖော်ဝါရီလ ၁၆ရက်မနက်၁၀နာရီ၁၄မိနစ်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကို မသိရသေးဘဲမီးလောင်မှုကြောင့် နေအိမ်၁၀လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

မီးလောင်မှုကို Lv1အဆင့်သတ်မှတ်ပြီး မီးလောင်မှုဖြစ်ပွားရာကို ပြည်ကြီးတံခွန်မြို့နယ်အတွင်းက မီး သတ်စခန်းများက မီးငြှိမ်းသတ်ယာဥ်များနဲ့ရေသယ်ယာဥ်များထွက်ခွာ မီး ငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *