မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊၆၂လမ်းပေါ်က ဘုံပျံတောရကျောင်း၊ဘုန်းကြီး
ကျောင်းအုတ်တံတိုင်းဘေးမှာ သြဂုတ်လ ၂၁ရက်နေ့နံနက်၉နာရီခန့်က အဘွားအို တစ်ဦး လဲကျသေဆုံးနေတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

သေဆုံးနေသူ အဘွားအိုဟာ အသက်၇၀ နှစ်ခန့်အရွယ်ရှိပြီး ပြင်ပဒဏ်ရာမရှိဘဲ လဲကျသေဆုံးနေတာဖြစ်ပြီး သေဆုံးသူရဲ့ ရုပ်အလောင်းဘေးမှာ သပြေပန်းတစ် စီး၊ပစ္စည်းအချို့ထည့်ထားတဲ့အဝါရောင်ပလတ်စတစ်အိတ်တစ်လုံးနဲ့ အဖြူတစ် လုံးကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
သေဆုံးသွားသူအဘွားအိုရဲ့ မိသားစုဝင်များ ကို ရှာဖွေစုံစမ်းဆက်သွယ်ပြီးနောက် မိ သားစုရဲ့ ခွင့်ပြုချက်နဲ့ ရုပ်အလောင်းကို လောကပါလလူမှုကူညီရေးအသင်းက မော်တော်ယာဉ် နဲ့ တောင်အင်းမြောက် အင်းသုသာန်ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။