ပြည်ကြီးတံခွန်မြို့နယ်က အဆောက်အဦတစ်ခုပေါ်မှ အမျိုးသမီးတစ်ဦးပြုတ်ကျသေဆုံး

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၆၈)လမ်း၊ (၁၃၉)လမ်းထောင့်၊ (ဈ)ရပ်ကွက်၊ RC(၃)ထပ်တွင် ပထမထပ်ရှိ Sun Shadeပေါ်မှာ အမျိုးသား(၂)ဦးနဲ့ အမျိုး သမီး(၂)ဦးတို့ဟာ သန့်ရှင်းရေးပြုလုပ် ရာကနေ ဓာတ်လိုက်ခဲ့တာကြောင့် (၄)ဦး စလုံးအောက်ကို ပြုတ်ကျခဲ့ပြီး အမျိုးသမီး သေဆုံးခဲ့တဲ့ဖြစ်စဉ်တစ်ခု သြဂုတ်လ (၁၆)ရက် မနက်၁၀နာရီ၂၁မိနစ်ကဖြစ်ပွား ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဓာတ်လိုက်မှုဖြစ်စဉ်ဖြစ်ပွားရာကို မန္တလေးခရိုင်မီးသတ်စခန်းနှင့် ပြည် ကြီးတံခွန်မြို့နယ်မီးသတ်စခန်းတို့မှ ရှာ ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရပြီး

သေဆုံးနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကို လောကပါလလူမှုကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ မန္တလေးပြည်သူ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *