ပြည်ကြီးတံခွန်မြို့နယ်မှာ အိမ်ခြံမြေပွဲစား အမျိုးသမီးတစ်ယောက် သေနတ်နဲ့ပစ်ခံရ

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ချမ်းမြသာယာရပ်ကွက်၊မြဝတီမင်းကြီးလမ်းနဲ့မန္တလေး -လားရှိုး မီးရ ထားသံလမ်း ဘေးမှာ ဇွန်လ၁၅ရက်မနက်၇နာရီလောက်က အိမ်ခြံမြေပွဲစားအမျိုးသမီး တစ် ယောက် သေနတ်နဲ့ ပစ်ခံခဲ့ရတယ်လို့ ဒေသ ခံတွေဆီက သိရပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ၁၅ရက်မနက်၇နာရီ လောက်က မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့ နယ်၊ချမ်းမြသာယာရပ်ကွက်၊မြဝတီမင်းကြီး လမ်းနဲ့မန္တလေး-လားရှိုး မီးရထားသံ လမ်းဘေးမှာ လူတစ်ယောက် သေနတ်နဲ့ပစ်ခံရတယ်လို့ သတင်းရရှိတာကြောင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ ရာ ဒေါ်…. အိမ်ခြံမြေ ပွဲစား ချမ်းမြသာစည်မြို့ နယ်နေသူမှာ ဆိုင်ကယ်နဲ့ မြဝတီမင်းကြီး လမ်းအတိုင်း အရှေ့မှအနောက်ကိုမောင်းနှင်လာချိန် အနောက်မှအရှေ့ကို မောင်းနှင်လာတဲ့ CZIအနက်ရောင် နံပါတ် မပါ အမျိုးသား(၃)ယောက်ထဲက တစ် ယောက်က သေနတ်အတိုနဲ့ (၁)ချက်ခန့် ပစ်ခတ်ပြီး အရှေ့ကို မောင်းနှင် ထွက် ပြေးသွားခဲ့ရာ သေနတ်ပစ်ခံရသူ ဒေါ်…မှာ ဝဲ ပခုံးဖောက်ထွက်ဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ သိရပါတယ်။

Visited 10 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *