မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊၅၆လမ်း၊၁၁၆ လမ်းနဲ့၁၁၇လမ်းကြားမှာ ဇွန်လ၆ ရက် ညနေ၃နာရီက ကားနဲ့ဆိုင်ကယ်တိုက် မိမှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့သေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်း အသိုင်းအဝိုင်းက သိရပါတယ်။
ကားနဲ့ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားခဲ့ရတဲ့ အကြောင်းအ ရင်းကိုမူ မသိရသေးပါဘူး။
ယာဉ်တိုက်မှုဖြစ်ပွားရာကို မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့က ကူညီကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး သေဆုံးသွားသူရဲ့ရုပ်အလောင်းကို မန္တလေးဆေးရုံကြီးရင်ခွဲကို ပို့ဆောင် ပေးခဲ့တယ်လို့သိရပါတယ်။
သေဆုံးခဲ့တဲ့အမျိုးသားမောင်းနှင်လာတဲ့ဆိုင်ကယ်ရဲ့ယာဉ်နံပါတ်မှာ ၆၂ယ/၄၀၀၇၈လို့ သိရပါတယ်။



photo- မြရည်နန္ဒာလူမှုကယ်ဆယ်ရေး အဖွဲ့