မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှာ ဇွန်လ၅ရက်မနက် ၉နာရီကျော်က မီးလောင်မှုနှစ်ခု တပြိုင်နက်ဖြစ်ပွားနေတယ်လို့ မီးသတ်ဦးစီးဌာနကနေ ကနဦးသိရပါတယ်။
မီးလောင်မှုဖြစ်ပွားရာနေရာများမှာ ပြည်ကြီးတံခွန်မြို့နယ် ၆၇Aလမ်း×လမ်း၁၂၀နဲ့ပြည်ကြီးတံခွန်မြို့နယ်၊၆၁-၆၂လမ်းကြား × ၁၁၇-၁၁၈ လမ်းကြားတို့ဖြစ်ကြပါတယ်။
မီးလောင်မှုဖြစ်ပွားရာနေရာများကို နယ်မြေခံမီးသတ်တပ်ဖွဲ့စခန်းများက မီးငြှိမ်းသတ်ယာဉ်၊ရေသယ်ယာဉ်တွေနဲ့ သန္ဓေနဲ့အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ ထွက်ခွာမီးငြှိမ်းသတ်ပေးနေတယ်လို့ သိရပါတယ်။