မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊တံခွန် တိုင်ရပ်ကွက်၊နံ့သာရပ်က နေအိမ် လိုင်ခန်း၁ခန်းမှာ မေလ ၁၂ရက်နေ့ မွန်းလွဲ၁နာရီ၂၀မိနစ်က အမျိုးသား(၂)ယောက်နဲ့အမျိုးသမီး၁ယောက်တို့ ဓားနဲ့ ထိုးသတ်ခံခဲ့ရလို့အမျိုးသား၁ယောက်နဲ့ အမျိုးသမီး၁ယောက်တို့သေဆုံးခဲ့ရပြီး အမျိုးသား၁ယောက်ကတော့ စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီးဆေးရုံအရောက်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဓားထိုးမှုဖြစ်စဉ်ကို ချမ်းမြသာစည် မြို့နယ်၊တမ္ပဝတီရပ်ကွက်၊ကြေးသွန်းရပ်နေ အောင်ကျော်ထက် ဆိုသူက ကျူးလွန်ခဲ့တာ ဖြစ်ပြီး သူ့ကို တမ္ပဝတီရပ်ကွက်၊ကြေးသွန်း ရပ်က ငွေလရောင် ဆေးခန်းမှာဆေးကု သမှုခံယူနေစဉ် သက်သေခံပစ္စည်း ဓါးနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ သိရပါ တယ်။
ဓားထိုးမှုဖြစ်စဉ်ကို ဘာကြောင့် ကျူးလွန်ခဲ့ ရတာလဲဆိုတာကိုတော့ မသိရသေးပါဘူး။
ဓားထိုးမှုဖြစ်စဉ်မှာ မအေးအေးစိုး(၃၈) နှစ်ဟာ ဝဲလည်ပင်း ထိုးသွင်းဒဏ်ရာ (၁) ချက်နဲ့( သေဆုံး)၊ကိုထွန်းမင်းလတ် (၃၈) နှစ်ဟာ ဝဲဘက်ဦးခေါင်း ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲနားရွက် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲလည်ပင်း ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်ဗိုက် ထိုးသွင်း ဒဏ်ရာ ၁ ချက် ဖြင့်(သေဆုံး)နဲ့ကိုစိုးလှိုင်ဦး (၄၂)နှစ်ဟာ ဗိုက်ဖောက်ဝင် ဒဏ်ရာ(ဒဏ်ရာ၁)ချက်၊ဝဲ/ယာ လက်မောင်း ပြတ်ရှဒဏ်ရာ(၁) ချက် ဖြင့် (စိုးရိမ်ရ)တို့ ရရှိခဲ့တယ်လို့ သိရပါ တယ်။

