ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေက သြစတြေးလျနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို ခြိမ်းခြောက်နေ

ဆစ်ဒနီ၊ ဧပြီ ၂၉

ကမ္ဘာကြီးပူနွေးလာမှုက ခရီးသွားလုပ်ငန်းအနာဂတ်နဲ့  ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေကို ဘယ်လို့ ကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာကို ဩစတြေးလျ အာဏာပိုင်တွေအနေနဲ့ အကြီးအကျယ် ခေါင်းခဲစရာ ဖြစ်နေတယ်လို့  ဆိုပါတယ်။

“ကျွန်မတို့ နှစ်ဖက်စလုံးမှာ မီးတွေ လောင်နေတယ်။ တစ်ဖက်က သမုဒ္ဒရာဆိုတော့ မီးမထိန်းနိုင်ရင် အလယ်မှာရှိနေတယ်” လို့ ခင်ပွန်းဖြစ်သူ ဖီးလ် နဲ့ အတူ လယ်လုပ်နေတဲ့ တွဲဖက်ပိုင်ရှင် ဗယ်လင်ဒါ ဒီနိုဗန်က  ပြောပါတယ်။

ဩစတြေးလျနိုင်ငံက သဘာဝပတ် ဝန်းကျင် ခရီးသွားတွေကို အစုလိုက်အပြုံလိုက် ဆွဲဆောင်နိုင်ပါတယ်လို့ ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်တဲ့ ဝေါလေစ့်က ပြောပါတယ်။ အခုတော့ အနာဂတ်က မသေချာတော့ ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

သြစတြေးလျနိုင်ငံက  ပေါင်းစပ်ရေရှည်တည်တံ့ခိုင်မြဲမှု ခွဲခြမ်းစိတ်ဖြာမှုဗဟိုဌာနရဲ့  အစီရင်ခံစာတစ်ခုအရ ၂၀၁၉ ခုနှစ်မှာ စတင်ခဲ့တဲ့  တောမီးဟာ ခရီးသွားလုပ်ငန်း ထောက်ပံ့ရေးကွင်းဆက်တွေဆီက အမေရိကန်ဒေါ်လာ ၁ ဒသမ၈ ဘီလီယံ အထိ ဆုံးရှုံးသွားတာကို တွေ့ရတယ်လို့ ပြောပါတယ်။

အစီရင်ခံစာရေးသားသူ တစ်ဦးဖြစ်တဲ့  ဗီဗီယန် ရီအန်နာ  က ပညာရေးနဲ့သက်ဆိုင်တဲ့ ဝန်ဆောင်မှုရယ်၊ ခရီူသွားလုပ်ငန်းကရတဲ့ တိုင်းပြည်ဝင်ငွေက သဘာဝဓါတ်ငွေကရတဲ့ ဝင်ငွေထက် ပိုတယ်လို့ ဆိုပါတယ်။

 “လူတွေက သြစတေးလျကိုလာဖို့ အန္တရာယ်ရှိတယ်လို့ထင် လိုက်ပြီ ဆိုရင်  အဲဒါက ကျွန်မတို့ကို တကယ်သက်ရောက်မှုရှိနိုင် တယ်လို့လည်း ဗီဗီယန်က ပြောပါတယ်။

ဩစတြေးလျဟာ ၂၀၂၄ ထဲမှာ ကမ္ဘာလှည့် ခရီးသည် ၁၉သန်းအထိ မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။

Ref: CNA

ပုံစာ။ အပူသက်သာဖို့ ရေငွေ့လာခံနေကြသူများ

Feature Image Credit: AAP( AUSTRALIA)

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *