ပြင်ဦးလွင်-မန္တလေး အဆင်းလမ်းမှာ ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား

ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိမန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ်၊နယ်မြေ(၃)၊ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း၂၂မိုင်မှာ စက်တင်ဘာလ၂ရက် နေ့လယ်ပိုင်းက ကုန်တင်မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ယဉ်တိမ်းမှောက်မှုဖြစ်ပွားရာကို သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းနဲ့သီရိဝဎုန(ညောင်ပေါ)လူမှုကူညီရေးအသင်းတို့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြပြီး သေဆုံးနဲ့ထိခိုက်ဒဏ်ရာရရှိသူတို့ကို လူမှုကူညီအသင်းများက မော်တော်ယာဉ်များနဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *