ပြင်ဦးလွင်-မန္တလေး-မန္တလေးလေဆိပ် EV Taxiများ စတင်ပြေးဆွဲ

ပြင်ဦးလွင်-မန္တလေး-မန္တလေးလေဆိပ် EV Taxiများကို “မင်္ဂလာပါ” EV Taxi ကားဂိတ်ကနေ အောက်တိုဘာလ၁ ရက်နေ့မှ စတင်ပြေးဆွဲနေပြီလို့ ကားဂိတ်ဖွင့်လှစ်ခဲ့တဲ့

Power-27 Business Group of Co.,Ltd ကသိရပါတယ်။

“မင်္ဂလာပါ” EV Taxi ကားဂိတ်ဖွင့်ပွဲကို ကားဂိတ်တည်ရှိရာပြင်ဦးလွင်မြို့၊မန္တလေး-လားရှိုးလမ်းက ဆွမ်းလောင်းသင်းတိုက်ခန်း အမှတ်(၅၊ ၆)မှာ အောက်တိုဘာလ၁ရက်နေ့က ကျင်းပခဲ့ပါတယ်။

Photo- ဖြူလူသစ် (ခရိုင်ပြန်/ဆက်)

ပြင်ဦးလွင်- မန္တလေး အသွားခရီးစဉ်တစ်ကြောင်းကို ယာဉ်စီးခအနေနဲ့ ခရီးသည် တစ်ဦးတစ်သောင်းကျပ်နှုန်းနဲ့လည်းကောင်း၊ မန္တလေး-ပြင်ဦးလွင် အပြန်ခရီးစဉ် တစ်ကြောင်းကို တစ်ဦးတစ်သောင်းကျပ်နှုန်းနဲ့ လည်းကောင်း၊ ပြင်ဦးလွင်-မန္တလေးလေဆိပ် စီးလုံးငှားခ ငါးသောင်းငါးထောင်ကျပ်၊ မန္တလေး-မန္တလေးလေဆိပ်ကို စီးလုံးငှားခ နှစ်သောင်းငါးထောင်ကျပ်နဲ့ လည်းကောင်း ပြေးဆွဲပေးမှာဖြစ်ပြီး “မင်္ဂလာပါ” EV Taxi ကားဂိတ်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ပြင်ဦးလွင်-မန္တလေးခရီးစဉ တစ်ကြောင်းစီးရုံနဲ့ ဖိုနေ့အပြန်ခရီးစဉ်ကို အခမဲ့စီးနင်းခွင့်ရသွားမှာလို့ သိရပါတယ်။

Power-27 Business Group of Co.,Ltdက “မင်္ဂလာပါ” EV Taxi ကားဂိတ်ကို BYD E-2 (2023) လျှပ်စစ်မော် တော်ယာဉ်သစ် ၁၅စီးနဲ့ စတင်ပြေးဆွဲခဲ့တာဖြစ်ပြီး ခရီးစဉ်များနဲ့ ပတ်သက်ပြီး ဆက်သွယ်လိုပါက ပြင်ဦးလွင်ဂိတ်ဖုန်းနံပါတ် – ၀၉ ၄၄၅၀၀၂၀၀၄ ၊ ၀၉ ၉၄၂၂၂၂၃၄၆ ၊ ၀၉ ၉၄၂၂၂၂၃၄၇ ၊ မန္တလေးဂိတ် ဖုန်း- ၀၉ ၄၄၅၀၀၂၀၀၅ ၊ ၊

၀၉ ၉၄၂၂၂၂၃၄၈၊ ၀၉ ၉၄၂၂၂၂၃၄၉ တို့ကို စုံစမ်းမေး မြန်းနိုင်တယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *