ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း မိုင်တိုင်အမှတ် (၂၆)ပြင်စာအနီးမှာ ယာဥ်၃စီး တိမ်းမှောက်မှုဖြစ်ပွား

မိုးရွာနေချိန် လမ်းချော်ပြီး တိမ်းမှောက်ခဲ့တာဖြစ်ပြီး၁၈ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံမြို့သစ်၊ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း မိုင်တိုင်အမှတ်(၂၆)ပြင်စာအနီးမှာ မေလ၁၈ရက် ညနေ၅ နာရီ၅၀မိနစ်က မိုးရွာနေချိန် လမ်းချော်ပြီးယာဥ်၃စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိမ်းမှောက်ခဲ့တဲ့ယာဥ်တွေကတော့ တွဲကားတစ်စီး၊ Canterတစ်စီးနဲ့လိုပ်ထရပ်တစ်စီးတို့ဖြစ်ကြပြီး Canterတနဲ့လိုပ်ထရပ်ေပေါ်လိုက်ပါလာကြတဲ့ အ မျိုး၇ဦးနဲ့အမျိုးသမီး၁၁ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့အနက် အမျိုးသမီး၁ဦးမှာ စိုးရိမ်ရထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူများကို ရွှေမြင်သာလူမှုကူညီရေးက လူနာတင်ယာဉ်နဲ့သန္တိသုခလူမှုကူညီရေးက လူနာတင်ယာဉ်တို့နဲ့ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *