မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊အောင်ပင်လယ်အနီး၊ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းမှာ စက်တင်ဘာလ၆ရက်နေ့မနက်ပိုင်းက ကျောက်သယ်(၁၂)ဘီးယာဉ်နဲ့မီနီအိုးဝေတို့ တိုက်မိမှုဖြစ်ပွားခဲ့ပြီး အိုးဝေယာဉ်မောင်းအမျိုးသား ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့တယ်လို့ သိရပါတယ်။


ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ အိုးဝေယာဉ်မောင်းအမျိုးသားကို သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းက မော်တော်ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။