ပြင်ဦးလွင်-မန္တလေးကားလမ်းဘေး အနီးစခန်းရဲကင်းရှေ့တွင် သစ်ပင်ပိ၍ လူတစ်ဦး သေဆုံး

ပြင်ဦးလွင်- မန္တလေးကားလမ်းဘေး အနီးစခန်းရဲကင်းရှေ့တွင် သစ်ပင်ပိ၍ လူတစ်ဦး သေဆုံးခဲ့ကြောင်း တုသိတာလူမှုကူညီရေးအသင်းကသိရသည်။

ယနေ့ မေလ ၁၄ရက် နံနက်၈နာရီအချိန်ခန့်က အဆိုပါသစ်ပင်ကြီးမှာအမြစ်ကျွတ်၍ ပြိုလဲကာ လူတစ်ဦး ကိုပိမိခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် သစ်ပင်ပိမိသူမှာ ဦးခေါင်းပွင့်ဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ၊ ရုပ်အလောင်းကို ပြင်ဦးလွင်နာရေးကူညီမှုအသင်းကားဖြင့်ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *