ပြင်ဦးလွင်မြို့နယ်၊ပိတ်ချင်းမြောင်မီးစက်ကြီးရေတံခွန်မှာ သြဂုတ်လ၂၈ရက်မနက် ၁၁နာရီခွဲက အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ရေနစ်သေဆုံးမှုဖြစ်ပွားရာကို ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရာ ရေနစ်သေဆုံးခဲ့သူအမျိုးသားရဲ့ရုပ်အလောင်းကို မွန်းလွဲ ၁နာရီခွဲမှာ ရှာဖွေတွေ့ရှိခဲ့ပြီး သန္တိသုခအသင်းယာဉ်နဲ့ ကုတင်(၇၀၀)တပ်မတော်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။