ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော် မလုပ်ဖြစ်တော့

ပြင်ဦးလွင်မြို့နယ်၊မဟာအံ့ထူးကံသာဘုရားရဲ့ မီးပုံပျံကွင်းမှာ နိုဝင်ဘာ၂၄ရက်ကနေ၂၈ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပဖို့ စီစဥ်ထားတဲ့ ပြင်ဦးလွင်တန် ဆောင်တိုင််မီးပုံး ပျံပွဲတော်ကို လုံခြုံရေးအခြေအနေများအရ မလုပ်ဖြစ်တော့ဘူးလို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြင်ဦးလွင်တန်ဆောင်တိုင််မီးပုံးပျံပွဲတော်ကို မလုပ်ဖြစ်တော့ပေမယ့် မဟာအံ့ထူးကံသာဘုရားမှာမသိုးသင်္ကန်း ရက်လုပ်ပွဲနဲ့ဆီမီး၉၀၀၀ပူဇော်ပွဲတို့ကိုတော့ ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။

မကျင်းပဖြစ်တော့တဲ့ ပြင်ဦးလွင် တန်ဆောင်တိုင်မီး ပုံးပျံပွဲတော်ကို မူလက နေ့အလှ ညအလှ မီးပုံးပျံပြိုင်ပွဲများ၊စျေးပွဲတော်၊ဖျော်ဖြေရေးအစီအစဥ်အနေနဲ့ နိုင်ငံ ကျော်အနုပညာရှင်တွေဖြစ်ကြတဲ့ မျိုးကျော့မြိုင်၊ ထူးအယ်လင်း၊ခင်လှိုင်၊ မိုးမိုး၊ ပူစူး၊ မီ၊ နေရဲ ၊ ပွင့်နဒီမောင်၊ မုဏ်း၊ ခြူးစစ်ဟန် စသူတွေနဲ့ ကျင်းပသွားဖို့ စီစဥ်ထားတာပါ။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *