ပြင်ဦးလွင်ရှိ နာမည်ကြီး ဦးနှောက်ဂူအနီး ကြိုးဆွဲချသေဆုံးနေသော အမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့ရှိ

ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ကျေးရွာ၊ နာမည်ကြီး ဦးနှောက်ဂူ(သုံးထပ်ရေတံခွန်)အနီး၊တောတွင်းတစ်နေရာရှိသစ်ပင်တွင် ကြိုးဆွဲချသေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ရာ ယင်းမှာလွန်ခဲ့သော ၂-လ ခန့်ကပင် သေဆုံးနေခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယူဆပြောဆိုနေကြသည်။

အဆိုပါ ဆွဲကြိုးချသေဆုံးနေသော အမျိုးသားရုပ်အလောင်းကို ယနေ့ ဇွန်လ ၁၇ ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ရသောကြောင့် ဒေသခံများက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ပရဟိတအသင်းကို ရုပ်အလောင်းသယ်ရန် အကူအညီတောင်းခံသဖြင့် ပြင်ဦးလွင်အခြေစိုက် ပရဟိတအသင်းက သွားရောက်ကူညီ သယ်ဆောင်ပေးခဲ့ကြောင်းသိရသည်။

သေဆုံးနေသော ရုပ်အလောင်းမှာ ပုပ်ပွကာ တချို့တစ်ဝက်မှာ အသားများပျက်စီးကာ အရိုးများပေါ်နေပြီဖြစ်ကြောင်း၊ ရုပ်အလောင်းကို သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းပိုင်သူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ -သန္တိသုခလူမှုကူညီရေးအသင်း

Visited 47 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *