ပြင်ဦးလွင်မှာ ၁၆ကြိမ်မြောက် ပန်းပွဲတော်ကျင်းပမယ်

ပြင်ဦးလွင်မြို့၊အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ ၁၆ ကြိမ်မြောက် Flower Wonderland ပန်းပွဲတော်ကိုဒီဇင် ဘာ ၁၆ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်အထိ တစ်လနီးပါးကြာ ကျင်းပသွားမယ်လို့ ဒေသခံသတင်းရင်း မြစ်ေတွဆီက သိရပါတယ်။

ပန်းပွဲတော်မှာ ပန်းအရေအတွက်(၂)သိန်းစိုက်ပျိုးပါဝင်သွားမှာဖြစ်ပြီး ပန်း ပြကွက်ဇုန် ၈ ဇုန်နဲ့ ဒေသပန်းမျိုးတွေ ပါဝင်ပြသမယ့် ဇုန်တစ်ခုလည်းပါဝင်သွားမယ်လို့ သိရပါတယ်။

အရင်နှစ်တွေက ပန်းပွဲတော်တွေမှာ စျေးရောင်းပွဲတွေနဲ့ဂီတဖျော်ဖြေပွဲတွေပါဝင်ခဲ့ပေမယ့် ဒီနှစ်ကျင်းပမယ့် ပန်းပွဲတော်မှာတော့ အဲဒီပွဲတွေ ပါမပါတော့ မသိရသေး ပါဘူး။

ပြင်ဦးလွင်မြို့၊အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ ပန်းပွဲတော်ကို ၂၀၀၆ခုနှစ်ကစတင်ကျင်းပခဲ့လာခဲ့ပြီး ကိုဗစ်၁၉ရောဂါကူးစက်ပျံ့နှံ့မှုများကြောင့် ၂၀၂၀ခုနစ်နဲ့ ၂၀၂၁ခုနှစ်တို့မှာ ရပ်နားထားခဲ့ရာကနေ ပြီးခဲ့တဲ့နှစ် ၂၀၂၂ခုနှစ် ၁၅ကြိမ်မြောက်ပန်းပွဲတော်ကို ပြန်လည်ကျင်းပခဲ့တာလို့ သိရပါတယ်။

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *