ပြင်ဦးလွင်မှာ ဒူးရင်းသီးအဝစား စတုဒီသာ ပွဲပြုလုပ်မယ်

ပြင်ဦးလွင်မြို့နယ်၊ပိတ်ချင်းမြှောင်လိုဏ်ဂူအနီးမှာရှိတဲ့ တောင်ပုလတောင်တော်မှာ မေလ၂၁ ရက်နေ့မနက်၉နာရီကစတင်ပြီး ဒူးရင်းသီးအ လုံး၇၀၀ကျော်ကို အဝစား စတုဒီသာပွဲပြုလုပ်မယ်လို့ တောင်ပုလဆရာ တော်အရှင်ပညာဘောဂဆီက သိရပါ တယ်။

ဒူးရင်းသီးစတုဒီသာကျွေးပွဲကို လာရောက် တဲ့သူအနေနဲ့ ဒူးရင်းသီးကို စိတ်ကြိုက်စား သုံးနိုင်ပေမယ့် ပါဆယ်ယူလို့မရဘူးလို့ သိရပါတယ်။

တောင်ပုလတောင်တော်မှာ ပြင်ဦးလွင်မြို့ ကိုလာရောက်လည်ပတ်ကြတဲ့သူတွေအတွက် ယခုနောက်ပိုင်းကာလမှာ လည်ပတ်စရာ နေရာတစ်ခုအဖြစ်ကျော်ကြားလာပြီး တောင် တော်ပေါ်မှာ ရန်အောင်မြင်ကပ်ကျော် သစ္စာရှင် ဆုတောင်းပြည့်စေတီတော်ကြီး တည်ထားပြီး တောင်တော်ပတ်ဝန်းကျင ်မှာ အပန်းဖြေအနားယူစရာနေရာများနဲ့View Pointလည်းရှိတယ်လို့ သိရပါတယ်။

photo- တောင်ပုလဆရာတော်

Visited 24 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *