မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ မန္တလေး-လာရှိုးလမ်း (ပြင်ဦးလွင်မြို့ပတ် လမ်း)၊ထိပ်တန်း ထမင်းဆိုင်အနီးမှာ ဇွန် လ၈ရက်နေ့မနက်ပိုင်းက ကျောင်းကား တစ်စီးပေါ်က အမျိုးသမီးတစ်ယောက် ပြုတ် ကျမှုဖြစ်ပွားခဲ့ပြီး ဦးခေါင်းဒဏ်ရာပြင်းထန် စွာရရှိပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါ တယ်။
ကားပေါ်ကနေပြုတ်ကျခဲ့တဲ့အမျိုးသမီးကို ပြင်ဦးလွင်မြို့၊သန္တိသုခအခမဲ့လူမှုကူညီ ရေးအသင်းက သွားရောက်ကူညီကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး ပြင်ဦး လွင်မြို့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ ပေမယ့် ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိ
ခဲ့တာကြောင့် ဆေးရုံရောက်အပြီး မိနစ် အနည်းငယ်အကြာမှာ သေဆုံးသွားခဲ့ တယ်လို့ သိရပါတယ်။


Visited 2 times, 1 visit(s) today



