ပြင်ဦးလွင်မြို့မှာ ကားက ဆိုင်ကယ်ကို တိုက်ပြီး ထွက်ပြေးသွား

ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး(၇)၊ဆက်သွယ်ရေးတပ်အနီး၊အနော်ရထာလမ်းပေါ်မှာ စက်တင်ဘာလ၅ရက် ည၉နာရီခွဲလောက် က ကားက ဆိုင်ကယ်ကို တိုက်ပြီး ထွက် ပြေးသွားခဲ့တာကြောင့် ဆိုင်ကယ်ယာဉ် မောင်းအမျိုးသားတစ်ဦး ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။

ကားနဲ့ဆိုင်ကယ် ဘာကြောင့် တိုက်မိခဲ့ တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ယာဉ်တိုက်မှုဖြစ်ပွားရာကို သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းက သွား ရောက်ပြီး ကူညီကယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရပြီး ယာဉ်တိုက်မှု ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဆိုင် ကယ်ယာဉ်မောင်း အမျိုးသားကို ပြင်ဦး လွင်မြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ တယ်လို့ သိရပါတယ်။

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *