မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ် အနီးစခန်းရဲကင်းရှေ့က သစ်ပင်တစ်ပင် ဟာ မေလ၁၄ရက်နေ့မနက်၈နာရီက ပြိုလဲ ကျမှုဖြစ်ပွားခဲ့ပြီး သစ်ပင်အောက်မှာ ရောက်နေတဲ့ အမျိုးသားတစ်ယောက် သစ်ပင်ပိမိပြီးဦးခေါင်းပွင်ထွက်ဒဏ်ရာနဲ့သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသွားသူရဲ့ရုပ်အလောင်းကို ပြင်ဦး လွင်နာရေးကူညီမှုအသင်းက မော်တော် ယာဉ်နဲ့ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်း နေရာအနှံံ့မှာ မိုခါ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက် ခတ်ခြင်းနဲ့မိုးသည်ထန်စွာရွာသွန်းခြင်းတွေကြောင့် မြေပြိုခြင်းနဲ့သစ်ပင်များပြိုလဲခြင်းတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် အများပြည် သူအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ် တွေကို ကြိုတင် ရှောင်ရှာထားကြဖို့ လို အပ်တယ်လို့ လူမှုကူညီရေးဆောင်ရွက ်နေသူတွေက ပြောကြားခဲ့ပါတယ်။