ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး၂၁မှာ ဆိုင်ကယ်နှစ်စီး တိုက်မိမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး၂၁၊မိုးကြိုးကွက်သစ်မှာ စက်တင်ဘာလ၈ရက်ညနေ၆နာရီက ဆိုင်ကယ်နှစ်စီးတိုက်မိမှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်မောင်းသူနှစ်ဦးစလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး စိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆိုင်ကယ်နှစ်စီးတိုက်မိမှုဖြစ်ပွားရာကို သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးစလုံးကို ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံအရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *