ပြင်ဦးလွင်မြို့နယ် မြိုင်ကြီးကွေ့အနီးမှာအုတ်တင်မော်တော်ယာဉ်တစ်စီး တိမ်း မှောက်ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့ နယ်၊မြိုင်ကြီးကွေ့အနီးမှာ သြဂုတ်လ၅ရက် မနက်၁၀နာရီ၄၃မိနစ်က အုတ်နီခဲများ တင်ဆောင်မောင်းနှင်လာတဲ့ မော်တော် ယာဉ်တစ်စီး ဘ ရိတ်ပေါက်ပြီး အရှိန်မ ထိမ်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါ တယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် အုတ်တင် မော်တော်ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ (မစိုး ရိမ်ရ)နဲ့အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)တို့ ရရှိခဲ့ကြတယ်လို့ သိရပါ တယ်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာကို ပြင် ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ ရှာ ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ကယ် ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ဖွံ့ဖြိုးကရု ဏာလူမှုကူညီရေးအသင်းက လူနာတင် ယာဉ်နဲ့ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကို ပို့ ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *