မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ်၊ပြင်စာ ကျေးရွာအနီးက မန္တလေး-လားရှိုး လမ်း၊ မှတ်တိုင်အမှတ်(၂၅/၄)မှာ မေလ၁၂ရက်ညနေ၅နာရီ၄၀မိနစ်က ခရီး သည်တင် Expessယာဉ်တစ်စီး အရှိန် မထိန်းနိုင်ဘဲတိမ်းမှောက်မှုဖြစ်ပွားခဲ့တာကြောင့်ယာဉ်ပေါ်လိုက်ပါလာသူ ၁၆ ယောက်အနက် အမျိုးသား၆ယောက်နဲ့အမျိုး သမီး၃ယောက် ထိခိုက်ဒဏ်ရာရတွေ ရခဲ့ တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
တိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့ ခရီးသည်တင် Express ယာဉ်ဟာ မန်းရွှေမြို့တော်ယာဉ် လိုင်းက မော်တော်ယာဉ်တစ်စီးဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာကို ပြင်ဦး လွင်မြို့နယ်မီးသတ်စခန်းက သန္ဓေမီးသတ် တပ်ဖွဲ့ဝင်တွက ကယ်ဆယ်ရေးလုပ်ငန်း များ သွားရောက်ဆောင်ရွက်ပေးခဲ့တယ် လို့ သိရပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ် ရာရသူတွေကို ပြင်စာလူမှုကူညီရေးအသင်း က မော်တော်ယာဉ်နဲ့ ပြင်ဦးလွင်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့လည်းသိရပါတယ်။




