ပြင်ဦးလွင်မြို့နယ်၊ဝက်ဝံကျေးရွာအနီးမှာ ကျပ် ၁ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီးမှာ ဇန်နဝါရီလ၇ရက်ညနေ၅နာရီက Toyota Hiace မော်တော်ယာဥ်တစ်စီးပေါ်က ငွေကျပ် ၁ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ၇ရက်ညနေ၅နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ပူး ပေါင်းအဖွဲ့ဟာ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီးမှာ နောင်ချိုဘက်က မန္တလေးဘက်ကို စိုင်းလှရွှေ မောင်းနှင်လာတဲ့ TOYOTA Hiace မော် တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂သိန်းကိုသိမ်း ဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ် ကြွရူသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)က မန္တလေးတိုင်းဒေသကြီးကို သယ်ဆောင်လာတာလို့ သိရပါတယ်။

စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူ ဖမ်းမိခဲ့တဲ့ စိုင်းလှရွှေကို သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါး

နှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အ ရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက် လက်စစ်ဆေးဖော်ထုတ်နေတယ်လို့ သိရပါတယ်။

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *