ပြင်ဦးလွင်မြို့နယ်မှာ ၁၂ဘီး ကုန်တင် ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ်၊လားရှိုး- မန္တလေးကားလမ်း အဆင်း လမ်း၊ မိုင်တိုင်အမှတ် (၁၇)မှာ ဇူလိုင် လ၃ရက်နေ့မနက် ၆နာရီခွဲခန့်က ၁၂ ဘီး ကုန်တင်ယာဉ်တွဲကားတစ်စီး တိမ်း မှောက်မှုဖြစ်ပွားခဲ့ရပြီး ယာဉ်မောင်း သေ ဆုံးခဲ့ရပြီး ယာဉ်နောက်လိုက် ဒဏ် ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရတဲ့အကြောင်းအရင်းကို မသိရသေးဘဲ ယာဉ် တိမ်းမှောက်မှုဖြစ်ပွားရာကို ဗဟိုမီး သတ်သင်တန်းကျောင်း(ပြင်ဦးလွင်)မှ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး၊ ပြင် ဦးလွင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေ ကယ်ဆယ်ရေးယာဉ်တစ်စီး၊ရတနာပုံနယ် မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ် ရေးယာဉ်တစ်စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက် ဆောင်ရွက်ပေးခဲ့ပြီး ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ယာဉ်မောင်းအမျိုးသားရဲ့ရုပ်အလောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ရတဲ့ ယာဉ်နောက် လိုက်အမျိုးသားတို့ကို စေတနာမွန် အုန်း ချော လူမူကူညီရေးအသင်းယာဉ်နဲ့ မန္တလေးဆေးရုံးကြီးကို ပို့ဆောင်ပေး ခဲ့တယ်လို့ သိရပါတယ်။

Visited 23 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *